ကိုဗစ်ရောဂါဆေးတွေကြောင့် သေဆုံးခဲ့ရတဲ့သူငယ်ချင်းရဲ့ဇနီးအဖြစ်ကို လူတွေအားလုံး သတိထား‌နိုင်အောင်ပြောပြလာတဲ့ သရုပ်ဆောင်ကျော်ထက်ဇော်

ကိုဗစ်ရောဂါဆေးတွေကြောင့်သေဆုံးခဲ့ရတဲ့သူငယ်ချင်းရဲ့ဇနီးအဖြစ်ကိုသတိထား‌နိုင်အောင်ပြောပြလာတဲ့သရုပ်ဆောင်ကျော်ထက်ဇော်

သရုပ်ဆောင်ကျော်ထက်ဇော်ကတော့တည်ကြည်ခန့်ညားပြီးသရုပ်ဆောင်ကောင်းလွန်းတာကြောင့်ပရိတ်သတ်

တွေရဲ့အချစ်ကိုအပိုင်ရယူထားတဲ့မင်းသားချောတစ်ပါးပဲဖြစ်ပါတယ်၊ကျော်ထက်ဇော်ကတော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူတစ်သားတည်းပါဝင်ခဲ့ပြီးလူထုလှုပ်ရှားမှုတွေမှာလဲတက်ကြွစွာပါဝင်ခဲ့ပါတယ်၊ကျော်ထက်ဇော်ကတော်လှန်ရေးမှာပါဝင်ရုံသာမကပဲကိုဗစ်နဲ့ပတ်သတ်တဲ့ဆောက်ရန်၊ရှောင်ရန်တွေကိုလဲသူ့ရဲ့လူမှုကွန်ယက်ထက်မှာပြောကြားလေ့ရှိပါတယ်။

ယခုတစ်ခါမှာလဲကိုဗစ်ကြောင့်မသေပဲဆေးအသောက်များပြီးကျောက်ကပ်ပျက်စီးကာသေသွားရတဲ့သူငယ်ချင်းဖြစ်သူရဲ့ဇနီးအကြောင်းနဲ့သောက်သုံးရန်ဆေးတွေကိုလဲညွန်ပြထားပါသေးတယ်။ကျော်ထက်ဇော်ကသူငယ်ချင်းတစ်ယောက်ရဲ့ဇနီးတော့

ကိုဗစ်နဲ့မသေဘဲလိုင်းပေါ်ကတင်ထားတဲ့ကိုဗစ်ကာကွယ်ဆေးတွေသောက်လို့ကျောက်ကပ်ပျက်စီးပြီးသေသွားရှာပီကျွန်တော့်ဆေးဆိုင်မှာလာဝယ်တဲ့သူတိုင်းကိုနေ့စဥ်ရက်ဆက်မသောက်ဖို့၊အလွန်အကျွံ့မသောက်ဖို့၊ ကလေးတွေကိုမတိုက်ဖို့အမြဲသတိပေးတယ်ဒါလဲဝယ်နေ၊သောက်နေကြတုန်းတကယ်ဆိုဆရာဝန်တွေရဲ့ပြောစကားအရCevit၊D3၊Zincတွေက

နေ့စဥ်စားသောက်တဲ့အစားအစာထဲလိုအပ်သလောက်ပါပြီးသားအဟာရရှိမယ့်အစားအစာစား၊အိပ်ရေးဝဝအိပ်တာနဲ့တင်လုံလောက်နေတာသူများပြောတိုင်းဝယ်သောက်၊အလွန်အကျွံ့တွေဖြစ်ပြီးမသေသင့်ဘဲသေသွားရတာတွေလူ့ခန္ဓာကိုယ်ခုခံအားimmuneအတွက်လိုအပ်တာကတစ်နေ့ကို Cevit200mg၊D3500iu၊Zinc20mgပဲလိုတာအဟာရပြည့်တဲ့အစားအစာမစားနိုင်လို့ဆေးသောက်မယ်ဆိုရင်တောင်တစ်နေ့ကိုCevit1000mgထက်ပိုမသောက်သင့်​BPICevitတစ်ပြားကို100mgပါတယ်။

Vicee၊Vitaceeဆေးတွေတစ်ပြားကို500mgပါတယ်D3ကတကယ်ဆိုနေပူစာနာရီဝက်လောက်လှုံ့ယုံနဲ့တင်okပြဿနာရှိတာကZinc၊Zincတစ်ပြား 20mgပါတဲ့အတွက်တစ်နေ့အလွန်ဆုံးတစ်ပြားသောက်သင့်ပေမယ့်ပိုသောက်တဲ့သူတွေအော့အန်တာ၊ဖျားနာတာ၊ကျောက်ကပ်ပျက်စီးတာတွေဖြစ်တတ်ပါတယ်cevitကိုချဥ်ပေါင်ရွက်၊မာလကာသီး၊လိမ်မော်သီးတွေကရ၊D3ကိုနေပူစာလှုံယုံ

၊နွားနို့သောက်ယုံမျှနဲ့လုံလောက်ပေမယ့်ပုစွန်အခွံ့ကရတဲ့ Zincကိုကျတော့ဆေးနဲ့ပဲဖြည့်စည်းကြတဲ့အတွက်မလိုလားအပ်တဲ့ဆိုးကျိုးတွေရစေပါတယ်အဲ့ဒီဆေးတွေသောက်တဲ့အခါခန္ဓာကိုယ်ကလိုအပ်တဲ့ပမာဏကိုသာစုတ်ယူပြီးပိုတာကိုကျောက်ကပ်ကအလုပ်လုပ်ကာစွန့်ထုတ်ရလို့ကျောက်ကပ်အလုပ်ပိုလုပ်ရကာလနဲ့ချည်ကြာတော့ကျောက်ကပ်ပျက်စီးစေတာပါ။

ကျောက်ကပ်ဟာလူ့ခန္ဓာကိုယ်ထဲ၂လုံးပါပြီးအဲ့ဒီ၂လုံးစလုံးရဲ့၈၀%ပျက်စီးနေရင်တောင်ကိုယ်ခံအားကောင်းတဲ့လူတွေမသိသာပါဘူးသိတဲ့အချိန်ဆိုနောက်ကျသွားပါပီဒါကြောင့်ကျောက်ကပ်ကိုဆရာဝန်တွေကSilentMurderတိတ်တဆိတ်လူသတ်သမားလို့ခေါ်ကြပါတယ်

အချုပ်အားဖြင့်Cevit၊D3၊Zincဆေးဝါးတွေကိုကိုဗစ်ရန်ကာကွယ်ချင်ရင်တစ်နေ့တစ်တွဲသာသောက်ပါ၊ကိုယ်ခံအား အရမ်းကောင်းချင်လို့တအားပိုသောက်မိခဲ့ရင်ကိုဗစ်ကြောင့်မသေဆေးကြောင့်သေတတ်ပါကြောင်းကျန်းမာရေးဆိုင်ရာဗဟုသုတအဖြစ်စကားပါးလိုက်ရပါတယ်ဆိုပြီးအသိပညာပေးရေးသားဖော်ပြထားပါတယ်။

Zawgyi visionklnews

klnews