ကိုဗစ် ကူးစက်ခံရပြီး သက် သာပျောက် ကင်းအောင် စနစ်တ ကျ နေ ထိုင်ခဲ့ပုံ တွေ ကို မျှဝေ လာပြီးလုံးဝမကြောက်ဖို့ပြောလာတဲ့ ဒင့်ထားရီ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ် တော်ဖြစ်တဲ့ အဆိုတော်မလေး လာဒင့်ထားရီကတော့ သူကိုယ်တိုင်လည်း ကိုဗစ်ကူးစက်ခံခဲ့ရကြောင်း ဒီနေ့မှာသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေမျှဝေဖော်ပြလာခဲ့ပါတယ်။ လာဒင့်ထားရီကတော့ လက်ရှိမှာ ပြန်ကောင်းမွန်နေပြီး သူကူးစက်ခံရစဉ်က နေထိုင်ခဲ့တဲ့ ပုံစံနဲ့လုပ်ဆောင်ချက်တွေကို ပရိသတ်တွေအတွက် အထောက်အကူပြုနိုင်မယ်လို့ထင်မိတာကြောင့်လည်း နေထိုင်ခဲ့ပုံတွေကိုပါ အတူမျှဝေလာခဲ့ပါတယ်။

(2.7.2021) မှာစပြီး အဒေါ်က Positive စဖြစ်ပါတယ် တစ်အိမ်ထဲအတူနေတာမို့ ကျန်တဲ့အိမ်သားတွေပါ စစ်တော့ အမေနဲ့ မောင်လေး(6yrs) ကတော့ Negative ဖြစ်ပြီး ညီမကတော့ P ဖြစ်ခဲ့ပါတယ် အဲ့တာနဲ့ အိမ်မှာပဲ သပ်သပ်စီခွဲနေပြီး ခလေးကတော့ အင်းစိန်ကအဒေါ်တို့ဆီ ပို့ထားခဲ့ရတယ် အမေကတော့ p နှစ်ဦးကို ပြုစုပေါ့။ လက္ခဏာက

လူတဦးနဲ့တဦးအပေါ် မတူပါဘူးနော်။ ညီမကတော့ p သာဖြစ်တယ် ဘာဆိုဘာမှ ဝေဒနာကို မခံစားလိုက်ရဘူး တခုပဲ မရှိတဲ့အနံ့ အီလည်လည်အနံ့လိုမျိုးကို တောက်လျှောက်ရနေတာလေးကလွဲလို့ ကျန်တာအကုန်ကောင်းပေမဲ့ အဒေါ်က အစထဲက ဆီးချိုရောဂါအခံနဲ့မို့ တော်တော်လေးခံစားလိုက်ရတယ် အနံ့ပျောက် အရသာပျောက် ခံတွင်းပျက် နေမကောင်း ဖျားနာ

ချောင်းဆိုး အားမရှိ အစာစားတော့လဲ အော့အန်ချင်ပေမဲ့ ရေနဲ့ ပြန်မျိုချ မရရအောင် ကြိုးစားပြီးနေခဲ့တယ် လူကြည့်တော့ မျော့မျော့ပဲကျန်တယ် oxygen 90 ထိ ကျပေမဲ့ စိတ်ကိုတင်းခံထားနိုင်တဲ့သူမို့ အဆုတ်လေ့ကျင့်ခန်းတွေလုပ် မှောက်အိပ်နဲ့ သေချာလုပ်တော့ oxygen ပြန်ကောင်းလာတယ်

အဒေါ်က ဆေးခန်းမှာအလုပ်လုပ်တာမို့ သူ့ရဲ့သမားတော်နဲ့ Onlineကနေ ဆွေးနွေးကုသရင်း အဲ့လိုနဲ့ 14ရက်ကြာတော့ တခါပြန်ပြီး Test လုပ်တော့ အဒေါ်နဲ့ ညီမက Negative ဖြစ်ပြီး အမေက positive ပြန်ဖြစ်ခဲ့တယ်။တခါအမေ့ကို ပြန်ပြုစု သူလဲ နေမကောင်း ဖျားတာမကျ ချောင်းအရမ်းဆိုး ခံတွင်းမကောင်းတာနဲ့ အဒေါ်က ဘေးကနေ အားပေး အစာစားဖို့

ဗိုက်ထဲရောက်အောင် အတင်းကျွေး ရေနွေးနဲ့မျှောချ အဓိကက ကိုယ်ခံအားက အစာမရှိရင် အားမရှိနိုင်တော့ ရအောင် ဘာဖြစ်ဖြစ်စားနေရမယ် အမေလဲ oxygen ကျချင်သလိုဖြစ်ပြီဆိုရင် အဆုတ်လေ့ကျင့်ခန်းတွေ မှောက်အိပ်တာတွေလုပ်နဲ့ ဒီလိုနဲ့ ဒီနေ့မှာ ပြန်စစ်တော့ အဖြေက negative ဖြစ်လာခဲ့ပြီ အခုဆိုရင် တအိမ်လုံး N ဖြစ်သွားကြပါပြီ။

ဖြစ်တော့ ညီမတို့ မိသားစု သောက်ခဲ့တဲ့ဆေးတွေကတော့ အဓိက Vitamin C(1000mg), Vita D3, Zinc တနေ့တကြိမ်သောက်ခဲ့တယ် ကျန်တဲ့ ဖျားတာ ချောင်းဆိုးတာ ဖြစ်တဲ့အခြေအနေပေါ်မူတည်ပြီး ဆေးသောက်ခဲ့တယ်။ အစားအသောက်ကတော့ ကြက်ဥပြုတ်ကို မနက် နေ့လည် ည စားခဲ့တယ် လုံးဝမဝင်ဝင်အောင်စားခဲ့တယ် မစားချင် အော့အန်ချင်လဲ

ရေနဲ့ အတင်းမျှောချပြီး စဖြစ်ပြီဆိုတာနဲ့ ဆားငံရေနွေးနွေးလေးနဲ့အာလုတ်ကျင်း(gurgle)လုပ်ခဲ့တယ်။ နောက်တခုက ဖြစ်နေတဲ့ အချိန်မှာ internetကို ပုံမှန်ထက် လျှော့သုံးခဲ့ကြတယ် အရမ်းကြီးစိတ်ကို ဖိအားမရှိစေဖို့နဲ့ စိတ်ငြိမ်ငြိမ်လေးထားပြီး ပြန်ကောင်းသွားမှာဆိုတဲ့ အသိလေးရှိစေဖို့ တဦးနဲ့တဦးအားပေး ဂရုစိုက်ခဲ့ကြတယ်။ ဘာစားစား တခါသုံးတွေနဲ့ပဲ အသုံးပြုခဲ့ပါတယ်။

နောက်ဆုံးအနေနဲ့ နေမကောင်းချင်သလိုလိုဖြစ်ပြီဆိုတာနဲ့ ဘေးလူတွေနဲ့ ဝေးရာမှာသာနေပါ။စစ်နိုင်ရင် အကောင်းဆုံးဆိုပေမဲ့ အကြောင်းကြောင်းကြောင့် မစစ်ဖြစ်ခဲ့ရင်လဲ P သာမှတ်ပြီး စိတ်ကိုအကောင်းဆုံးတည်ငြိမ်အောင်ထားပြီး ကိုယ်ယုံကြည်ကိုးကွယ်တဲ့ ဘာသာကို အမြဲအာရုံပြုဖို့ အားပေးချင်ပါတယ်။အားလုံးသိပြီးသားဖြစ်တဲ့ အပြင်သွားရင် Maskကို တခုထဲနဲ့ မရတော့ဘူးနော် နှစ်ခုထပ်အုပ်မယ် လက်ကိုခနခနဆေးမယ် ခေါင်းစွတ်စွတ်ကြမယ် ပိုးသတ်ဆေး အရက်ပြန်ဗူး အမြဲဆောင်ထားပြီး ဘယ်သွားသွား ဘာကိုင်ကိုင် ဖြန်းမယ်

 

သိပြီးသားဆိုပေမဲ့ remind ပြန်လုပ်ပါရစေ။အားလုံးပဲ ရောဂါကပ်ဆိုးကြီးမှ လွတ်မြောက်ပြီး ကျန်းမာပျော်ရွှင်သော ဘဝတွေပိုင်ဆိုင်နိုင်ကြပါစေလို့ဆန္ဒပြုရင်း အားလုံး Fighting ပါနော်။”ဆိုပြီး မျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးတွေအတွက်လည်း လာဒင့်ထားရီတို့ ကိုဗစ်ကို ဖြတ်ကျော်ခဲ့တဲ့ နေထိုင်ပုံနည်းလမ်းလေးကို ကနေ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Sklnews

klnews