




Credit

UNICODE
စည်ဖြိုးတို့ ဇနီးမောင်နှံအတွက် သီတင်းကျွတ် မုန့်ဖိုးအဖြစ် တန်ဖိုးကြီးလက်ဆောင်တစ်ခု ပေးလိုက်တဲ့ မေမေအီသီ

မွန်မြတ်ဖြူစင်တဲ့စိတ်ထားလေးတွေကြောင့် ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတာကတော့ သရုပ်ဆောင်ညစည်ဖြိုးပဲဖြစ်ပါတယ်။သူရဲ့အိုက်တင်တွေနဲ့ဗီဒီယိုဇာတ်ကားတွေခေတ်ကတည်းက ခုချိန်ထိအောင်မြင်သူတစ်ယောက်အဖြစ် ရပ်တည်နေနိုင်တာဖြစ်ပါတယ်။ ပရိသတ်တွေအပေါ်သာမက အနုပညာမောင်နှမအချင်းချင်းအပေါ်မှာပါ ရိုးသားဖြူစင်တဲ့စိတ်ဓာတ်လေးကြောင့်ချစ်နေရတာပါ။

ခုမှာတော့ စည်ဖြိုးဟာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားတာပါ။ သူတို့မိသားစုလေးကလည်း အရမ်းချစ်စရာကောင်းတာကြောင့် အားကျနေရတာဖြစ်ပါတယ်။ အနုပညာအလုပ်တွေ နားထားချိန်လေးမှာတော့ စည်ဖြိုးဟာ မိသားစုကိုပိုအချိန်ပေးဖြစ်တာကြောင့်သူတို့မိသားစုပုံရိပ်လေးတွေကို လူမှုကွန်ရက်မှာအမြဲလိုလိုတွေ့နေရတာပါ။

အလှူအတန်းမှာလည်း ရက်ရော စိတ်ထားလေးကလည်းဖြူစင်ဆိုတော့ နေရက်တိုင်းကပျော်ရွှင်စရာတွေပြည့်နေတာပါ။မကြာခင်မှာတော့ မြန်မာ့ရိုးရာသတင်းကျွတ်ပွဲတော်ကျရောက်တော့မှာပါ။ ဒါကြောင့် စည်ဖြိုးတို့မိသားစု သူ့အကိုတို့မိသားစုဟာ သူတို့ရဲ့ မိဘတွေကို စုံစုံလင်လင်နဲ့ကန်တော့နေတာဖြစ်ပါတယ်။

သားတွေမိသားစု စုံစုံလင်လင်နဲ့ကန်တော့နေတာကြောင့် မိဘတွေကလည်း စိတ်ချမ်းတွေသာနေရတာပါ။ မိသားစုတွေ စုံစုံလင်လင် ကန်တော့နေတာ ဘယ်လောက်ပျော်ဖို့ကောင်းလဲဆိုတာကတော့ အောက်ကပုံရိပ်လေးတွေကို ကြည့်ပြီး ချစ်ပေးကြပါဦးနော်။
Credit

The post စည်ဖြိုးတို့ ဇနီးမောင်နှံအတွက် သီတင်းကျွတ် မုန့်ဖိုးအဖြစ် တန်ဖိုးကြီးလက်ဆောင်တစ်ခု ပေးလိုက်တဲ့ မေမေအီသီ appeared first on Celebrity Corner.

klcelenews