မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ထန်တလန်မြို့လေးအတွက် ကူညီလှူဒါန်းပေးမယ့် အလှူရှင်များအား အကြံပြုလာခဲ့တဲ့ အေးဝတ်ရည်သောင်း

အောက်တိုဘာ (၂၉) ရက်နေ့က တိုက်ပွဲကြောင့် တစ်မြို့လုံးနီးပါး စစ်ရှောင်နေရတဲ့ ထန်တလန်မြို့မှာ ဖြစ်ပျက်ခဲ့တဲ့ ကြွေကွဲစရာ ရုပ်ပုံတွေကတော့ ပြည်သူတွေရင်ထဲအထိ ရိုက်ခတ်စေခဲ့ပါတယ်။ လူနေအိမ်(၁၀၀)ကျော်

လောက် မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ထန်တလန်ပြည်သူတွေကို ကူညီထောက်ပံ့လှူဒါန်းပေးဖို့အတွက်လည်း ပြည်သူတွေအပြင် အနုပညာရှင်တွေလည်း ကြိုးစားဆောင်ရွက်နေကြတာ တွေ့လာရပါတယ်။

ဒီလိုလှူဒါန်းပေးဖို့ ကြိုးစားနေတဲ့ သူတွေထဲမှာ သရုပ်ဆောင် အေးဝတ်ရည်သောင်းလည်း ပါဝင်တာ တွေ့ရပါတယ်။ အေးဝတ်ရည်သောင်းဟာ ဖေဖော်ဝါရီလ (၁)ရက်နေ့ကစပြီး ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေမှာ လက်ရှိအချိန် ပြည်သူတွေနဲ့ အတူ

တစ်သားတည်းရပ်တည်ပေးခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ လတ်တလော ဖြစ်ပွားခဲ့တဲ့ ထန်တလန်ရဲ့ ဖြစ်ရပ်လေးမှာလည်း မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေအတွက် ကူညီလှူဒါန်းပေးမည့် အလှူရှင်များကို သူမက အကြံပြုပြောပြလာတာ တွေ့ရပါတယ်။

အေးဝတ်ရည်သောင်းဟာ ထန်တလန်မြို့လေးအတွက် သူမအလှူလေးကို ထိရောက်ချင်လှူဒါန်းမယ့်ငွေအား သက်သက်ဖယ်ထားပြီး တကယ်ထူထောင်ချိန်ကျ သေချာထိထိ ရောက်ရောက်လှူမှာသွားလို့လည်း သိရပါတယ်။ ဒါ့အပြင် ထန်တလန်မြို့ဟာ

အတော်လေးကို ပြန်လည်ထူထောင်ရမှာဖြစ်လို့ လှူဒါန်းပေးမည့် အခြားအလှူရှင်တွေကိုလည်း အေးဝတ်ရည်သောင်းက အချိန်အခါလေးစောင့်ဆိုင်းပြီးမှ လှူဒါန်းပေးစေချင်တဲ့ အကြောင်းလေးပါ အကြံပြုပြောလာခဲ့တာ တွေ့ရပါတယ်။

klcelenews

အောက်တိုဘာ (၂၉) ရက်နေ့က တိုက်ပွဲကြောင့် တစ်မြို့လုံးနီးပါး စစ်ရှောင်နေရတဲ့ ထန်တလန်မြို့မှာ ဖြစ်ပျက်ခဲ့တဲ့ ကြွေကွဲစရာ ရုပ်ပုံတွေကတော့ ပြည်သူတွေရင်ထဲအထိ ရိုက်ခတ်စေခဲ့ပါတယ်။ လူနေအိမ်(၁၀၀)ကျော်လောက် မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ထန်တလန်ပြည်သူတွေကို ကူညီထောက်ပံ့လှူဒါန်းပေးဖို့အတွက်လည်း ပြည်သူတွေအပြင် အနုပညာရှင်တွေလည်း ကြိုးစားဆောင်ရွက်နေကြတာ တွေ့လာရပါတယ်။ဒီလိုလှူဒါန်းပေးဖို့ ကြိုးစားနေတဲ့ သူတွေထဲမှာ သရုပ်ဆောင် အေးဝတ်ရည်သောင်းလည်း ပါဝင်တာ တွေ့ရပါတယ်။ အေးဝတ်ရည်သောင်းဟာ ဖေဖော်ဝါရီလ (၁)ရက်နေ့ကစပြီး ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေမှာ လက်ရှိအချိန် ပြည်သူတွေနဲ့ အတူတစ်သားတည်းရပ်တည်ပေးခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ လတ်တလော ဖြစ်ပွားခဲ့တဲ့ ထန်တလန်ရဲ့ ဖြစ်ရပ်လေးမှာလည်း မီးလောင်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေအတွက် ကူညီလှူဒါန်းပေးမည့် အလှူရှင်များကို သူမက အကြံပြုပြောပြလာတာ တွေ့ရပါတယ်။အေးဝတ်ရည်သောင်းဟာ ထန်တလန်မြို့လေးအတွက် သူမအလှူလေးကို ထိရောက်ချင်လှူဒါန်းမယ့်ငွေအား သက်သက်ဖယ်ထားပြီး တကယ်ထူထောင်ချိန်ကျ သေချာထိထိ ရောက်ရောက်လှူမှာသွားလို့လည်း သိရပါတယ်။ ဒါ့အပြင် ထန်တလန်မြို့ဟာအတော်လေးကို ပြန်လည်ထူထောင်ရမှာဖြစ်လို့ လှူဒါန်းပေးမည့် အခြားအလှူရှင်တွေကိုလည်း အေးဝတ်ရည်သောင်းက အချိန်အခါလေးစောင့်ဆိုင်းပြီးမှ လှူဒါန်းပေးစေချင်တဲ့ အကြောင်းလေးပါ အကြံပြုပြောလာခဲ့တာ တွေ့ရပါတယ်။klcelenews klcelenews