ကာ တာနှင့် အီ ကွေ ဒေါ အ ဖွင့် ပွဲ စဉ်အ ပြီး မှာ လူ အ များရဲ့ ချီးကျူးမှု ကို ရ ယူခဲ့ ကြ တဲ့ ဂျပန် ဘော လုံးပ ရိသတ်များရဲ့့Video

 

ပန်ဘောလုံးပရိသတ်တွေရဲ့ လေးစားစရာ လုပ်ရပ်လေးတွေကတော့ နိုင်ငံတကာရဲ့ လူမှုကွန်ယက်

စာမျက်နှာပေါ်မှာ ထပ်မံအသိအမှတ်ပြုခြင်းကို ခံခဲ့ရပြန်ပြီဖြစ်ပါတယ်။ ဒါကတော့ ပြီးခဲ့တဲ့

ရက်က ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ကာတာနှင့် အီကွေဒေါ အဖွင့်ပွဲစဉ်အပြီးမှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်ဖြစ်ပါတယ်။

ဂျပန်ဘောလုံးပရိသတ်တွေဟာ သူတို့နိုင်ငံအသင်း ယှဉ်ပြိုင်ရမယ့် ပွဲစဉ်မဟုတ်ပေမယ့် အခြားအသင်းရဲ့ ပွဲစဉ်ပြီးသွားလို့ ‌

ဘောလုံးပရိသတ်တွေ ကွင်းအတွင်းကနေ ပြန်ထွက်သွားတဲ့အချိန်မှာ ကျန်ရစ်ခဲ့တဲ့ အမှိုက်

တွေကို လိုက်လံကောက်ယူပြီး သေသေချာချာ သန့်ရှင်းရေးလုပ်ဆောင်ပေးခဲ့ကြတာပါ။

နာမည်ကျော် အာရပ် Bahraini YouTuber Omar Al-Farooq ကတော့ သူ့ရဲ့ Instagram မှ

ာ ဂျပန်ပရိသတ်တွေ ဘောလုံးကွင်းအတွင်း သန့်ရှင်းရေးလုပ်ဆောင်နေတာကို ရိုက်ယူပြီး ဂုဏ်ယူစွာဖော်ပြခဲ့ပါတယ်။

ဗီဒီယိုထဲမှာ Omar Farooq က အမှိုက်ကောက်နေတဲ့ ဂျပန်လူမျိုးတစ်ယောက်ကို မေးရာမှာ “ဘာလို့ ဒီလိုလုပ်တ

ာလဲ…. ဂျပန်လူမျိုးတွေက အမှိုက်တွေ ဘယ်တော့မှ ချန်မထားခဲ့ဘူး… အမှိုက်မရှိတဲ့နေရာကို ကျွန်တေ

ာ်တို့လေးစားတယ်တဲ့”ဆိုပြီး ပြန်ဖြေခဲ့ပါတယ်။ ဂျပန်လူမျိုးတွေ ဒီလို လေးစားလောက်စရာလုပ်ရပ်ကိုလုပ်တာ

ဟာ ပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ရုရှားနိုင်ငံက လက်ခံကျင်းပတဲ့ ကမ္ဘာ့ဖ

လားပြိုင်ပွဲမှာလည်း ဒီလိုလေးစားစရာ အပြုအမူမျိုးကို လုပ်ဆောင်ခဲ့ပါတယ်။