
ဘဝမှာ ဝမ်းနည်းစရာအကောင်းဆုံးက ကိုယ်နှစ်သက်တဲ့လူကို ရင်ဖွင့်ဖို့အခွင့်အရေးကို လက်လွှတ်လိုက်ရတာပါပဲ။
နောက်တော့ တစ်ဖက်က တခြားတစ်ယောက်နဲ့ လက်ထပ်လိုက်တဲ့အခါ တိတ်တိတ်လေးပဲ ခံစားနိုင်ပါတယ်။
လတ်တလောမှာတော့ မင်္ဂလာပွဲတစ်ခုမှာ မျက်လုံးနီရဲနေတဲ့ အမျိုးသားတစ်ဦးရဲ့ ပုံရိပ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို မကြာသေးမီက မျှဝေခဲ့ပါတယ်။
ဒီငိုနေတဲ့ အမျိုးသားက ဗီဒီယိုဖိုင်ကိုမျှဝေတဲ့သူရဲ့ သူငယ်ချင်းတစ်ဦးလည်းဖြစ်ပြီး “ဒါက တစ်ဖက်သတ်အချစ်ဆိုပေမယ့်လ
ည်း သူ့ရဲ့ခံစားချက်ကို ထုတ်ဖော်ခွင့်မရခဲ့ဘူး။ လူရာပေါင်းများစွာက ပျော်ရွှင်နေကြတယ်၊ မင်းတစ်ယောက်တည်းပဲ ဝမ်းန
ည်းနေတယ်။ အားတင်းထားပါ မင်းဘေးနားမှာ သူငယ်ချင်းရှိသေးပါတယ်…င့ကောင်ရာ”ဆိုပြီး caption ရေးခဲ့ပါ
တယ်။ ဗီဒီယိုထဲမှာ ပျော်ရွှင်စွာ လက်ထပ်နေတဲ့ သတို့သမီးနဲ့ သတို့သားကို အငိုထိန်းနေတဲ့ ကြည့်ပြီး ထိုင်နေတဲ့ ကောင်လေးကို တွေ့နိုင်ပါတယ်။
အဲဒီတုန်းက ကောင်လေး ဘာတွေ တွေးနေလဲ မသိပေမယ့် မျက်လုံးတွေ နီရဲပြီး ငိုနေပေမယ့် ထိန်းဖို့ ကြိုးစားပါတယ်။
ဗီဒီယိုဖိုင်ဟာ ရုတ်တရက် အာရုံစူးစိုက်မှု အများအပြားရရှိခဲ့ပြီး ဗီဒီယိုဖိုင်ထဲက ကောင်လေးက သူအဆင်ပြေ
ကြောင်း ပြောလာခဲ့ပါတယ်။ “တစ်စုံတစ်ယောက်ကို ချစ်မိသွားရင် သတ္တိရှိရှိဝန်ခံပါလို့၊ နောက်မှ ကျွန်
တော့်လို နောင်တမရစေနဲ့” ဆိုပြီး ကောင်လေးက အခြားသူတွေကို သူ့လိုမဖြစ်အောင် ပြောဆိုခဲ့ပါတယ်။
JRose(Tgidailynews)