သူ့ဘဝဖြစ်တည်မှုကို ထည့်သွင်းထားတဲ့ သီချင်းလေးပါ ဖော် ပြ လာတဲ့ ကိုပေါက်

စွယ်စုံရအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဒါရိုက်တာ ကိုပေါက်ကတော့ ပြည်သူ့ပရိသတ်တွေ လေးစားချစ်ခင်မှုတွေကို

အပြည့်အဝ ရရှိခဲ့ပြီဖြစ်ပါတယ်။ ကိုပေါက်ဟာ ဖေဖော်ဝါရီ (၁)ရက်နေ့နောက်ပိုင်းကတည်းက လူထုလှုပ်ရှားမှုတွေမှာ

တက်ကြွစွာပါဝင်ခဲ့ပြီး ပြည်သူတွေနဲ့အတူတစ်သားတည်း ရပ်တည်ပေးခဲ့တာပါ။ ယင်းနောက်မှာတော့ ၅၀၅(က)ဖြင့်

အမှုစွဲဆိုခံပြီး ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် တိမ်းရှောင်နေရင်းကနေ လက်ရှိမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။

အမှန်တရားဘက်ကနေရပ်တည်ဖို့ တန်ဖိုးရှိတဲ့ အရာတွေနဲ့ ချစ်ရတဲ့မိသားစုကို စွန့်လွှတ်ခဲ့ရပေမယ့် အမြဲဂုဏ်ယူနေရသူပါ။

လက်ရှိ လွတ်​မြောက်နယ်မြေရောက်ရှိတဲ့ အချိန်လေးမှာလည်း အလှူအတန်းလေးတွေ ပြုလုပ်နေသလို တတ်နိုင်တဲ့ဘက်ကနေလည်း

ပြည်သူ့အကျိုးအတွက် လုပ်ဆောင်ပေးနေခဲ့ပါတယ်။ ယခုမှာလည်း ကိုပေါက်ကတော့ သူဖမ်းဝရမ်းထုတ်ခံရတဲ့ နောက်ပိုင်း

ရှောင်ပုန်းနေရတဲ့ နေ့တွေမှာ စိုးရိမ်ထိတ်လန့်မှုတွေကြား ရှင်သန်နေခဲ့ရပုံလေးကို ဖွင့်ဟလာခဲ့ပါတယ်။

 

ဒါ့အပြင် ခက်ခဲစွာ ရှောင်ပုန်းနေရင်း သူ့ဘဝဖြစ်တည်မှုကို ထည့်သွင်းရေးဖွဲ့ထားတဲ့”မုန်တိုင်းရှိရာ ရဲ့ဖြစ်တည်ရာ” သီးချင်းလေးကိုလည်း

ဖော်ပြထားပါသေးတယ်။ ဒီသီချင်းလေးကတော့ သူတွေ့ကြုံခဲ့ရတဲ့ ဘဝတွေ နဲ့အရင်းတည်ပြီး စိမ့်ထွက်လာတဲ့

သွေးတွေနဲ့ရေးဖွဲ့ထားခဲ့တဲ့ သီချင်းလေး ဖြစ်တာကြောင့် ပရိသတ်တွေလည်း နားထောင်လို့ရအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

klcelenews

စွယ်စုံရအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဒါရိုက်တာ ကိုပေါက်ကတော့ ပြည်သူ့ပရိသတ်တွေ လေးစားချစ်ခင်မှုတွေကို အပြည့်အဝ ရရှိခဲ့ပြီဖြစ်ပါတယ်။ ကိုပေါက်ဟာ ဖေဖော်ဝါရီ (၁)ရက်နေ့နောက်ပိုင်းကတည်းက လူထုလှုပ်ရှားမှုတွေမှာတက်ကြွစွာပါဝင်ခဲ့ပြီး ပြည်သူတွေနဲ့အတူတစ်သားတည်း ရပ်တည်ပေးခဲ့တာပါ။ ယင်းနောက်မှာတော့ ၅၀၅(က)ဖြင့် အမှုစွဲဆိုခံပြီး ဖမ်းဝရမ်းထုတ်ခံရမှုကြောင့် တိမ်းရှောင်နေရင်းကနေ လက်ရှိမှာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။အမှန်တရားဘက်ကနေရပ်တည်ဖို့ တန်ဖိုးရှိတဲ့ အရာတွေနဲ့ ချစ်ရတဲ့မိသားစုကို စွန့်လွှတ်ခဲ့ရပေမယ့် အမြဲဂုဏ်ယူနေရသူပါ။ လက်ရှိ လွတ်​မြောက်နယ်မြေရောက်ရှိတဲ့ အချိန်လေးမှာလည်း အလှူအတန်းလေးတွေ ပြုလုပ်နေသလို တတ်နိုင်တဲ့ဘက်ကနေလည်း ပြည်သူ့အကျိုးအတွက် လုပ်ဆောင်ပေးနေခဲ့ပါတယ်။ ယခုမှာလည်း ကိုပေါက်ကတော့ သူဖမ်းဝရမ်းထုတ်ခံရတဲ့ နောက်ပိုင်း ရှောင်ပုန်းနေရတဲ့ နေ့တွေမှာ စိုးရိမ်ထိတ်လန့်မှုတွေကြား ရှင်သန်နေခဲ့ရပုံလေးကို ဖွင့်ဟလာခဲ့ပါတယ်။ဒါ့အပြင် ခက်ခဲစွာ ရှောင်ပုန်းနေရင်း သူ့ဘဝဖြစ်တည်မှုကို ထည့်သွင်းရေးဖွဲ့ထားတဲ့”မုန်တိုင်းရှိရာ ရဲ့ဖြစ်တည်ရာ” သီးချင်းလေးကိုလည်း ဖော်ပြထားပါသေးတယ်။ ဒီသီချင်းလေးကတော့ သူတွေ့ကြုံခဲ့ရတဲ့ ဘဝတွေ နဲ့အရင်းတည်ပြီး စိမ့်ထွက်လာတဲ့ သွေးတွေနဲ့ရေးဖွဲ့ထားခဲ့တဲ့ သီချင်းလေး ဖြစ်တာကြောင့် ပရိသတ်တွေလည်း နားထောင်လို့ရအောင် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။klcelenews klcelenews