
ပရိသတ်ကြီးရေဇာတ်ပို့သရုပ်ဆောင်အင်ကြင်းကတော့ ဗီဒီယိုဇာတ်ကားပေါင်းများစွာနှင့်ရုပ်ရှင်ကားတွေမှာပါ သရုပ်ဆောင်
ထားခဲ့သူတစ်ဦးဖြစ်ပါတယ်နော်။သရုပ်ဆောင်အင်ကြင်းကတော့ပရိသတ်တွေနဲ့တရင်းတနှီးရှိတဲ့သူတစ်ယောက်ပါ။အနုပညာ
အလုပ်တွေရပ်နားကာ ဂျပန်မှာနှစ်အတန်ကြာနေထိုင်ပြီးနောက်မှာတော့ မြန်မာပြည်သိ့်ပြည်လည်နေထိုင်လျက်ရှိနေပါတယ်။
အင်ကြင်းကတော့ လက်ရှိမှာ သူမဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်း
တစ်ဖက်မှာလည်း အွန်လိုင်း Live Sale တွေ ရောင်းချပေးနေတာပဲဖြစ်ပါတယ်။
နှိုင်းယှဉ်မြင့်မိုရ်ရဲ့ ဖေးမကူညီမှုကြောင့် Live Sale လမ်းကြောင်းပေါ်ရောက်ရှိလာခဲ့တဲ့ အင်ကြင်းဟာ နှိုင်းယှဉ်မြင့်မိုရ်ကို
အရမ်းချစ်ပြီး သူမရဲ့ ကျေးဇူးရှင်လို့ သဘောထားသူတစ်ယောက်ပဲဖြစ်ပါတယ်မနေ့က ဇန်နဝါရီလ (၂၄) ရက်နေ့ကတော့ နှိုင်းယှဉ်မြင့်မိုရ်ရဲ့
မွေးနေ့လေးဖြစ်ပြီး အင်ကြင်းက သူမရဲ့သူငယ်ချင်းအတွက် သူမရဲ့ချွေးနည်းစာနဲ့စုဆောင်းဝယ်ယူထားတဲ့ ရွှေလော့ကတ်လေ
းကို မွေးနေ့လက်ဆောင်ပေးခဲ့တာကို တွေ့ရပါတယ်။ အင်ကြင်းက နှိုင်းယှဉ်မြင့်မိုရ်နဲ့အတူတူ Live Sale ရောင်း
နေရင်း နှိုင်းယှဉ်ကို Surprise လုပ်ခဲ့တာ အခုလိုပဲ ချစ်စရာကောင်းစွာ တွေ့ရပါတယ်။
နှိုင်းယှဉ်မြင့်မိုရ်နဲ့ အင်ကြင်းတို့ကတော့ ဇာတ်ပို့သရုပ်ဆောင်တွေအဖြစ်ကတည်း ခင်မင်ရင်းနှီးခဲ့ကြသူတွေဖြစ်ပြီး လက်
ရှိအချိန်ထိလည်း မိသားစုလို တိုင်ပင်ဖော်တိုင်ပင်ဖက်သူငယ်ချင်းလို ရှိနေတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နှို
င်းယှဉ်နဲ့ အင်ကြင်းတို့ရဲ့ သူငယ်ချင်းသံယောဇဉ်ကိုကြည့်ပြီး အားကျနေကြမယ် ထင်ပါတယ်နော်။
Credit