အ ကောင်း ဆုံးပြင် ဆင် ရင်း ချစ် ရသူ များနဲ့လည်း ပြန် ဆုံချင်တဲ့ ပြည်သူ့အချစ်တော်သျှီ

အသံပါဝါကောင်းကောင်းနဲ့ ပရိသတ်တွေရဲ့အားပေးမှု့ကို တစ်ခဲနက်ရရှိခဲ့တဲ့

အဆိုတော် သျှီ ကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမှာပါ။

ဆူးလေး၊ကယ်တင်ခြင်း အစရှိတဲ့သီချင်းတွေနဲ့ ပရိသတ်တွေရင်ထဲကို ရောက်ရှိခဲ့တဲ့ သူမကတော့ အ

ခုချိန်ထိလဲ ပရိသတ်တွေအချစ်ကိုခံယူနေတုန်းပါပဲ။

သျှီ ဟာလဲ အမှန်တရားဘက်တော်သားတစ်ဦးဖြစ်ပြီး ပြည်သူတွေဘက်ကနေ ရပ်တည်ခဲ့တာပါ။

ဒါကြောင့်လဲ လက်ရှိမှာ စစ်ကောင်စီရဲ့ ဖမ်းဝရမ်းကြောင့်

ဘေးကင်းရာကို တိမ်းရှောင်နေရပြီး ချစ်တဲ့သူများနဲ့ဝေးရာမှာ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လဲ လက်ရှိမှာ သူမ ဟာဘေးကင်းတယ်လို့ အသိပေးထားပါတယ်။

အဆိုတော် သျှီ ကတော့ ဓမ္မဘက်သားတွေရဲ့ အောင်ပွဲအတွက်အကောင်းဆုံးပြင်ဆင်ရင်း ချစ်ရသူများနဲ့လည်း ပြန်ဆုံတွေ့ချင်ပါတယ်တဲ့။

” အခုကာလမှာ အများနည်းတူ ကျမလည်း စွန့်လွှတ်ခဲ့ရတာတွေများသလို ပိုင်ဆိုင်ခွင့်ရတဲ့

စိတ်အသစ်တွေနဲ့ အတွေ့အကြုံသစ်တွေဟာလည်း အများကြီးပါပဲ ..

ကံကြမ္မာအသစ်တွေဟာ ဘယ်လိုလမ်းတွေဆီ ကျမကိုခေါ်ဆောင်သွားဦးမလဲဆိုတာတော့

ကျမ မသိပါ … မမြင်နိုင်တဲ့ အနာဂတ်နေ့ရက်တွေမှာကြုံသမျှကို ကြိုးစားဖြေရှင်းရင်း အဆိုရှင်တယောက်ဖြစ်ခဲ့ဖူးတဲ့

ကျမဟာဘယ်လိုအလုပ်တွေ လုပ်ဖြစ်ဦးမယ် ဆိုတာလည်း မသိသေးသလို ရင်ခုန်စရာလည်း ကောင်းနေပြန်ပါတယ် …

ဘဝရဲ့အတက်အကျအနိမ့်အမြင့်တွေကို ဒီကာလထဲ ပိုတွေးဖြစ်ရင်းကိုယ့်ထက်တော်သူတွေရဲ့

အတွေ့အကြုံတွေကို ကြည့်ပြီး အတုယူ အားယူရင်းကိုယ်တိုင်စိတ်ကြည် ကိုယ်ကြည်အကြည်ဓာတ်ရှိတဲ့

အချိန်လေးတွေမှာ ကိုယ်က အားပြန်ပေးနိုင်သူတွေကို အားပေးရင်း အခုကာလဆိုးကြီးထဲ

လမ်းဆက်လျှောက်နေပါတယ် …ဒီစာကိုရေးဖြစ်တဲ့ ရည်ရွယ်ချက် မှာလည်းကျမလို အတိတ်ကိုတွေးမိသူတွေအတိတ်

ရဲ့ လှပတဲ့အချို့သောအကြောင်းအရာလေးတွေကနေ ခွန်အားယူနိုင်ဖို့ နဲ့ ပြင်ဆင်စရာအရာတွေအပေါ်လည်း

သုံးသပ်နိုင်ဖို့ ရေးခြင်းပါပဲ …ကံကြမ္မာ ရဲ့လမ်းတွေမှာ အလှည့်အပြောင်းမျိုးစုံနဲ့ ကြုံနိုင်သလိုအဆိုး

တွေတင်မက အကောင်းတွေလည်းရှိနိုင်တာမို့ ဘာအကြောင်း ကြောင့်မှ လက်မလျှော့ဘဲ ဆက်လျှောက်နိုင်ဖို့

ကိုယ့်ကိုကိုယ်အပြင် ချစ်ရသူတွေဆီပါ ဒီစကားလေးတွေ လက်ဆောင်ပေးချင်လို့ ရေးခဲ့တာပါ …

တော်လှန်ရေးနဲ့သက်ဆိုင်တဲ့စာမဟုတ်သော်လည်း တစုံတရာ အကျိုးရှိနိုင်တယ်လို့ ယူဆတာကြောင့်လည်း ရေး

ဖြစ်တာပါ …စာလည်း အတော်ရှည်သွားပါပြီစာကိုဆုံးအောင်ဖတ်ပေးသူတွေကိုလည်း ကျေးဇူးတင်ပါတယ်

…အခုလောလောဆယ် တော့ကျန်းမာရေး လည်း ကောင်းတဲ့ဘက်ကိုရောက်လာသလို လုံခြုံတယ်လို့ယူဆနိုင်တဲ့နေရာကနေ

ကျမယုံကြည်ရာလမ်းမှာဆက်လျှောက်ရင်း ဘဝကို အဓိပ္ပါယ်ရှိရှိဖြတ်သန်းနိုင်ဖို့

ကြိုးစားနေပါတယ် …ဓမ္မဘက်သားတွေရဲ့ အနိုင်ပွဲအတွက်အကောင်းဆုံးပြင်ဆင်ရင်း အောင်ပွဲဆီအထိဆက်

လျှောက်ကြရင်းချစ်ရသူများနဲ့လည်း ပြန်ဆုံချင်ပါတယ် … ဘေးကင်းကျန်းမာလို့ ကောင်းကျိုးလိုအင်

ဆန္ဒများလည်း ပြည့်ဝပိုင်ဆိုင်နိုင်ကြပါစေ …ကပ်ကြီးကိုလည်းကျော်ကြမယ်

အရေးတော်ပုံကြီးလည်း_မုချအောင်ရမယ်”လို့ ရေးသားထားပါတယ်။