Credit
UNICODE
Asian Amazing Culture & Community မှာ နိုင်ငံတကာအနုပညာရှင်တွေနဲ့အတူ ဖော်ပြခံခဲ့ရတဲ့ ပိုင်တံခွန်နဲ့ ဝတ်မှုံရွှေရည်
သရုပ်ဆောင် ပိုင်တံခွန်နဲ့ အကယ်ဒမီ ဝတ်မှုံရွှေရည်တို့ကတော့ အားပေးသူပရိသတ်အခိုင်အမာနဲ့ ထိပ်ဆုံးမှာရပ်တည်နေကြတာပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ပိုင်တံခွန်ဟာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် အကျဉ်းထောင်ထဲကိုရောက်ရှိနေသလို ဝတ်မှုံရွှေရည်ကလည်း နိုင်ငံရေးပဋိပက္ခတွေကြားမှာ အနုပညာအလုပ်တွေကို ရပ်တံ့ထားခဲ့တာပဲဖြစ်ပါတယ်။
အနုပညာအလုပ်တွေမလုပ်ကိုင်တာ တစ်နှစ်နီးပါးရှိနေပြီဆိုပေမယ့် အောင်မြင်မှုအရှိန်အဟုန်ကျဆင်းသွားခြင်းမရှိတဲ့ ပိုင်တံခွန်နဲ့ ဝတ်မှုံရွှေရည်ဟာ ဒီတစ်ခါမှာလည်း မြန်မာနိုင်ငံကိုယ်စားပြုအနုပညာရှင်တွေအဖြစ် ဖော်ပြခြင်းခံခဲ့ရပြန်ပါပြီ။ ပိုင်တံခွန်နဲ့ ဝတ်မှုံရွှေရည်က Asian Amazing Culture & Community Facebook Group မှ Handsome & Beautiful ရဲ့ အဓိပ္ပါယ်ကို
နိုင်ငံအလိုက် ဘာသာစကားများနဲ့ ဖော်ပြခဲ့ရာ မြန်မာနိုင်ငံအနေနဲ့ ပိုင်တံခွန် နဲ့ ဝတ်မှုန်ရွှေရည် က ဖော်ပြခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ပိုင်တံခွန်နဲ့ ဝတ်မှုံရွှေရည်တို့ကတော့ အနုပညာအလုပ်တွေမလုပ်ကိုင်တာတောင် နည်းမျိုးစုံနဲ့ ပြည်တွင်းအနုပညာလောကမှာပါ ထိုးဖောက်အောင်မြင်နေတာ ဂုဏ်ယူစရာပါပဲနော်။
Credit
The post Asian Amazing Culture & Community မှာ နိုင်ငံတကာအနုပညာရှင်တွေနဲ့အတူ ဖော်ပြခံခဲ့ရတဲ့ ပိုင်တံခွန်နဲ့ ဝတ်မှုံရွှေရည် appeared first on Celebrity Corner.
klcelenews